A d v e r t i s e m e n t With Us

မြောက်ကိုရီးယားစစ်ရေးလေ့ကျင့်မှု ကင်ဂျုံအန်း စစ်ဆေးခဲ့သည့်ရုပ်သံ ထုတ်လွှင့် (ရုပ်သံ)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက စစ်တပ်တည်ထောင်မှု ၈၅ နှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ ပစ်ခတ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုကို စစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဧပြီ ၂၈ ရက်နေ့မှာ ဖော်ပြပါတယ်။ ကင်ဟာ သူ့ရဲ့ ထိပ်တန်းစစ်ရေး လက်ထောက်တွေနဲ့အတူ လေ့ကျင့်မှုကို ကြည့်ဖို့ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ လေဆိပ်ဆီ မနက် ဆယ်နာရီက ရောက်လာတယ်လို့ အစိုးရ မီဒီယာ KRT က ပြောပါတယ်။ မြောက်ကိုရီးယားဟာ သူ့အရှေ့ဘက် ကမ်းရိုးတန်းမှာ တာဝေးပစ် အမြောက်တွေ အတော်များများ တပ်ချထားတယ်လို့ တောင်ကိုရီးယား စစ်တပ်က ကြေညာချက် ထုတ်ပြန် ထားပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ ပေမယ့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။ မြောက်ကိုရီးယားဟာ အမေရိကန်ကို ဖျက်ဆီးမယ်လို့ ပုံမှန်ခြိမ်းခြောက်လေ့ရှိပြီး အမေရိကန်ရဲ့ ရန်လိုမှုကို ကာကွယ်တုံ့ပြန်ဖို့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို အောင်မြင်အောင် လုပ်မယ်လို့ ပြောလေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up