မိဘမဲ့မေတ္တာရိပ်မြုံဂေဟာ မြစ်ကြီးနားတွင်ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
April 28, 2017
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်မှာ မိဘမဲ့မေတ္တာရိပ်မြုံဂေဟာကို ဧပြီ ၂၈ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
ဒီဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟောင်လျန်က လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။