Home
မြန်မာသတင်း
မော်လူးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လေ့ကျင့်
DVB
·
April 28, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့နယ်၊ လျှပ်စစ်မှူးရုံးဝင်းမှာ ဧပြီ ၂၅ ရက်ညနေက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လေ့ကျင့်ခဲ့ပါတယ်။ အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လေ့ကျင့်ရာကို မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနဲ့ ဝန်ထမ်းတွေ၊ ဒေသအရန်မီးသတ်တပ်ခွဲမှူး ဦးခင်အောင်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက လေ့ကျင့်ခဲ့ကြတာပါ။ မော်လူးမြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းက “ကျနော်တို့ အခုလို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်နေတာဟာ အဘက်ဘက်က စွမ်းရည်တွေ ပြည့်ဝနေဖို့ပါ။ ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ နေပြည်တော်က မီးဘေးကြိုတင်ကာကွယ်ရေး ညွှန်ကြားမှု တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ၊၊ မုံရွာမြို့ရဲ့ ကြီးကြပ်မှုတို့ဖြင့် မော်လူးမြို့နယ် လျှပ်စစ်မှူးရုံးအတွင်းမှာရှိတဲ့ ရုံးအဆောက်အဦများ၊ ခွဲရုံများ၊ ဓာတ်အားလိုင်းများ ပစ္စည်းစတိုအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများကို ပျက်စီးဆုံးရှုံးမှု အန္တရာယ်က ကာကွယ်နိုင်ဖို့ အခုလို လုပ်ဆောင်နေတာပါ” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024