Live
Home
မြန်မာသတင်း
သတ္တမအကြိမ် ခမီအမျိုးသားနေ့ ရခိုင်ပြည်နယ်တွင် ကျင်းပ
DVB
·
April 27, 2017
သတ္တမအကြိမ် ခမီအမျိုးသားနေ့ကို ရခိုင်ပြည်နယ် မြို့နယ်များက ခမီတိုင်းရင်းသား ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဘူးသီးတောင်မြို့မှာ ဧပြီလ ၂၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ လူမျိုးအမည် သတ်မှတ်ခေါ်ဆိုမှု ကွဲပြားနေတာကို တညီတည်း သတ်မှတ်ခေါ်ဆိုပေးဖို့၊ လူနည်းစု တိုင်းရင်းသားတွေရဲ့ စာပေ ယဉ်ကျေးမှုးနဲ့ ဓလေ့ထုံးစံတွေ လွှမ်းမိုးမှုမခံရစေဖို့၊ မျိးနွယ်စု တိုင်းရင်းသားအချင်းချင်း ညီညွတ်စေဖို့ ရည်ရွယ်ကျင်းပတာလို့ ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးလေကျော်က ပြောပါတယ်။ ဒီနေ့အခမ်းအနားမှာ ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေပါ တက်ရောက်ခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ခမီအမျိုးသားနေ့ကို ခမီအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က စီစဉ်ကျင်းပတာပါ။ ခမီးတိုင်းရင်းသား ခေါင်းဆောင်တွေ ၁၉၇၄ ခုနှစ်က အကြီးတော်မရွာမှာ စုစည်းပြီး ညီညွတ်ရေး လုပ်ဆောင်နိုင်ခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကို ခမီအမျိုးသားနေ့အဖြစ် သတ်မှတ်ထားခဲ့ပေမယ့် အခမ်းအနား ကျင်းပနိုင်တာက ၇ ကြိမ်ပဲ ရှိပါသေးတယ်။ ခမီတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်ထဲက တောင်တန်းဒေသတွေမှာ နေထိုင်ကြပြီး လူဦးရေ ၁ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ ကိုအောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024