လယ်ဧက ၁၂၀ ကျော်ပြန်ရရန် သိမ်းဆည်းခံလယ်သမားများ ဆန္ဒပြ
အာကာ
·
April 27, 2017
၁၉၉၀ ပြည့်နှစ်က နိုင်ငံတော်စီမံကိန်း အကြောင်းပြ သိမ်းယူခဲ့တဲ့ လယ်မြေဧက ၁၂၀ ကျော်ပြန်ရဖို့ သိမ်းဆည်းခံလယ်သမားတွေ ဧပြီလ ၂၇ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
လယ်ဧက ၁၂၀ ပိုင် လယ်သမား ၈ ဦးဟာ သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
လယ်မြေတွေဟာ သာကေတ ဓာတ်အားပေးစက်ရုံ ဘေးဝန်းကျင်တွေမှာ ရှိပြီး ဒီလယ်မြေတွေကို ၁၉၉၃ ခုနှစ်မှာ သာကေတ ဓာတ်အားပေးစက်ရုံဧရိယာအနေနဲ့ လွှဲပြောင်း သတ်မှတ်ခဲ့ပြီး အခုချိန်ထိ ဘာစီမံကိန်းမှ ထပ်မလုပ်ဘဲ လယ်ယာမြေအနေနဲ့ပဲ ဆက်ရှိနေ တယ်လို့ သိရပါတယ်။
ဆန္ဒပြ လယ်သမားတွေကို အင်အား ၃၀ လောက်က ဝိုင်းဝန်းကူညီ ဝန်းရံခဲ့ကြပါတယ်။