ခုန်ချသေကြောင်းကြံသည့် မိန်းကလေးကို ပင့်ကူလူသားမီးသတ်သမား စွန့်စားကယ်တင် (ရုပ်သံ)

596
တောင်ကိုရီးယားနိုင်ငံမှာ အဆောက်အအုံအထပ်မြင့် အခန်းတခန်းကနေ ခုန်ချ သေကြောင်းကြံဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေးတဦးကို မီးသတ်သမားတဦးက ပင့်ကူလူ သားဆန်ဆန် စွန့်စားကယ်တင်ခဲ့ရတယ်လို့ မေရာသတင်းမှာ ဧပြီလ ၂၆ ရက်နေ့က ဖော် ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါမိန်းကလေးဟာ အခန်းရှေ့ ၀ရန်တာအစွန်း ဘောင်ပေါ်မှာ အသည်းယားစဖွယ် ထိုင်နေခဲ့တာကို တွေ့ရပါတယ်။
သူဟာ အောက်ခြေကို ခုန်ချသေကြောင်းကြံဖို့ ကြိုးစားနေတာဖြစ်ပြီး မီးသတ်သ မားကတော့ သူထိုင်နေရာ တိုက်ခန်းရဲ့ အပေါ်တထပ်အမြင့်ကနေ ကယ်တင်နိုင်ဖို့ စီမံခဲ့ရတာပါ။
မီးသတ်သမားဟာ လိမ္မော်ရောင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့ပြီး အခန်းရှေ့ ၀ရန်တာ ဘောင်အစွန်းကနေ ကျော်ခဲ့ကာ ရုတ်တရက်ပဲ အောက်ကို တွဲလွဲခိုပြီး မိန်းကလေးရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ အတွင်းဘက်ကို ကန်ထုတ်ခဲ့တာကို တွေ့ရပါတယ်။
ဒါဟာ တကယ့်ကို အသည်းယားစဖွယ် စွန့်စားကယ်တင်မှုတခုဖြစ်ပြီး မိန်းကလေးဟာ ထိခိုက်ဒဏ်ရာရသွားမသွားဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားခဲ့ပါဘူး။