A d v e r t i s e m e n t With Us

အင်္ဂါဂြိုဟ်ပေါ် သစ်ပင်တွေ့ဟု လေ့လာသူတဦးပြော (ရုပ်သံ)

အင်္ဂါဂြိုဟ်ပေါ်မှာ သစ်ပင်အငုတ်တခုတွေ့လို့ ဒါက တချိန်တုန်းက ဂြိုဟ်နီကြီးလို့ခေါ်တဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့မယ်လို့ ပန်းကန်ပြားပျံဆိုင်ရာ လေ့လာစူးစမ်းသူတွေက ပြောဆိုလိုက်ပါတယ်။ အင်္ဂါဂြိုဟ်ကို စူးစမ်းမှုပြုတဲ့ ကမ္ဘာမြေမှ ထိန်းချုပ်တဲ့ ဂြိုဟ်မျက်နှာပြင်ပေါ် လှည့်လည်သွားလာတဲ့ ယာဉ်ငယ် (Curiosity Rover) က ရိုက်ကူးခဲ့တဲ့ ရုပ်သံထဲမှာ ၃ ပေအမြင့်ရှိ သစ်ငုတ်တို တခုကို ထင်ရှားစွာ တွေ့ရတာပါ။ နာဆာရဲ့ အင်္ဂါဂြိုဟ် သိပ္ပံစမ်းသပ်မှု မစ်ရှင် အထူးတာဝန် အစိတ်အပိုင်းအဖြစ် ကားတစီးအရွယ်အစား စက်ရုပ်ယာဉ်ငယ်ဖြစ်တဲ့ Curiosity Rover ကို အင်္ဂါဂြိုဟ်ထဲက ဂဲလီမီးတောင်ဝဆီ ပို့လွှတ်ပြီး စူးစမ်းလေ့လာစေတာပါ။ သစ်ပင်က ဂြိုဟ်ပေါ်မှာ ရှိတာကို ၂၀၁၂ ခုနှစ် သြဂုတ်လကတည်းက သိရှိခဲ့တာလို့ ဆိုပါတယ်။ ယူကျု့မှာ ဒီရုပ်သံတင်ခဲ့သူက “မြင်ရတဲ့အရာက သေချာပေါက်ကို အဲဒီနေရာက ဖြစ်ပေါ်လာတာ။ ကျနော်အမြင်အရဆိုရင် သစ်ပင်တပင်ရဲ့ အငုတ်တို ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။ “ဒီအရာက အမြင့် ၃ ပေလောက် ရှိတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ အပင်နဲ့ သက်ရှိသတ္တဝါတွေ တော်တော်များများ တွေ့ရှိခဲ့တယ်။ ဒါကြောင့် သစ်ပင်အမျိုးအစား တော်တော်များများလည်း ရှိခဲ့တယ်။ ဒါမှမဟုတ် ဒီလျှို့ဝှက်ဆန်းကြယ် ဂြိုဟ်ထဲမှာ သစ်ပင်တွေ ရှိနေဆဲဖြစ်တယ်ဆိုတာက လက်ခံဖို့ ယုတ္တိတန်ကောင်းပါတယ်” လို့ ရုပ်သံတင်သူက ပြောခဲ့တာပါ။ ဒါပေမယ့် ရုပ်သံကို ယူကျု့မှာ မှတ်ချက်ရေးသူတဦးက “ထူးဆန်းတဲ့ ကျောက်ဆောင်တခုပါပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ နောက်ဆုံးသတင်းပေးပါ” လို့ ရေးထားပါတယ်။ သရုပ်ဆောင် မက်ဒေမွန် ပါဝင်သရုပ်ဆောင်တဲ့ အင်္ဂါဂြိုဟ်နဲ့ဆိုင်တဲ့ Martian ရုပ်ရှင်ကား ထုတ်လွှင့်ပြသအပြီးမှာ အင်္ဂါဂြိုဟ်ပေါ်မှာ သစ်ပင်တွေ ကြီးထွား ရှင်သန်ကောင်း ရှင်သန်နိုင်တယ်လို့ နာဆာက ပြောလိုက်ပါတယ်။ အဲဒီရုပ်ရှင်ကားထဲမှာ မက်ဒေမွန်က အာကသယာဉ်မှူး မာ့က်ဝက်တနေအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဂြိုဟ်ထဲမှာ ပိတ်မိနေချိန် သူအသက်ရှင်ဖို့အတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခဲ့ရတာပါ။ “Martian ရုပ်ရှင်ထဲမှာ ဇာတ်ကောင် မာက့်ဝက်တနေက ကန့်သတ်ထိန်းချုပ်ထားတဲ့ ဝန်းကျင်နေရာမှာ အင်္ဂါဂြိုဟ်ပေါ်က မြေကြီးကို ယူပြီး အာလူး စိုက်ပျိုးခဲ့ရတာပါ” “အမှန်တကယ်လည်း အင်္ဂါဂြိုလ်ပေါ်က မြေသားက အာဟာရဓာတ်ရှိပါတယ်။ သစ်ပင်တွေ ဂြိုဟ်ပေါ်မှာ အသက်ရှင်ကောင်း ရှင်နိုင်တယ်”လို့ နာဆာက ပြောပါတယ်။ “ဂြိုဟ်နီကြီးပေါ်မှာ အာကာသယာဉ်မှူးတွေ ဆင်းသက်တဲ့ နေရာပေါ်မူတည်ပြီး မြေသြဇာ မကောင်းခဲ့ရင် ဓာတ်မြေသြဇာတွေ ထည့်ဖို့ လိုမယ်” လို့လည်း နာဆာက ပြောပါတယ်။ “အခြားရည်ရွယ်ချက်တွေနဲ့ အပင်တွေ စိုက်ပျိုးကြီးထွားဖို့ ဘယ်လိုသုံးရမလဲဆိုတာကို ပိုမိုနားလည်ဖို့ နာဆာက အင်္ဂါဂြိုဟ်ပေါ်က မြေကြီးပုံတူကူး ဖန်တီးထားချက်တခုကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နေတယ်” လို့လည်း နာဆာက ပြောကြောင်း မေရာရဲ့ ဧပြီ ၂၅ ရက်နေ့ သတင်းမှာ ရေးထားတာပါ။

A d v e r t i s e m e n t With Us

More News
Up