ရန်ကုန်-စစ်တွေ ကုန်တင်စက်လှေ ဗားဂရာဆိပ်ကမ်းတွင် နစ်မြုပ်
DVB
·
April 27, 2017
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း အမှတ် ၁ တံတားမှ ရန်ကုန်-စစ်တွေသွား MV-ရွှေလက်ဝါး စက်လှေဟာ ဧပြီ ၂၆ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ လောက်က ထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်မှုဖြစ်ပွားခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ ရေယာဉ်မှူး ဦးမင်းကိုကို စမ်းချောင်းမြို့ နယ်နေသူနဲ့ သင်္ဘောသားရှစ်ဦးပါ MV-ရွှေလက်ဝါး စက်လှေဟာ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ရန်ကုန်ကနေ စစ်တွေကို ဆိပ်ခံမှထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်သွားခဲ့တာပါ။
စက်လှေပိုင်ရှင်မှာ စစ်တွေမြို့နေ ဦးရွှေမောင်ဖြစ်ပြီး ကုန်တန်ချိန် ၃၅ဝ နဲ့ ကားနှစ်စီး တွေ့ရကြောင်း၊ အနီးရှိ MV--ရဲထွန်းအောင် (၃) မှ ကူညီ ဆယ်ယူပေးခဲ့ပြီး စက်လှေနစ်မြုပ်မှုကို သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ သိရပါတယ်။
MOI၊ ကျော်လှိုင်(ကမာရွတ်)