Home
မြန်မာသတင်း
ကွတ်ခိုင်တွင် တအာင်းတိုင်းရင်းသား စာပေ သင်တန်းဆင်းပွဲ ကျင်းပ
DVB
·
April 26, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့မှာ တအာင်းစာပေ ပြန့်ပွားလာစေဖို့ ရည်ရွယ်ပြီး  ကလေးငယ်တွေကို မတ် ၂၃ ကနေ ဧပြီ ၂၈ ရက်နေ့အထိ ၁ လကျော်သင်တန်းပေးပြီး သင်တန်းဆင်းပွဲကို တအာင်းစာပေယဉ်ကျေးမှုခန်းမမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ တအာင်းစာသင်ပေးတဲ့ ဆရာမ ဒေါ်အီခမ်းပွဲက “ဒီသင်တန်းကတော့ ဘယ်သူရဲ့ ထောက်ပံ့မှုနဲ့မှတော့ မဟုတ်ပါဘူး။ ဆရာမတို့က စေတနာနဲ့ တင်ပေးတာပါ။ အခုသင်တာကလည်း ကလေးတွေကို ဦးစားပေး သင်ပေးတာ။ သင်တန်းကာလကတော့ တစ်လပဲ။ သင်ပေးတဲ့ နေရာမှာ အတန်းကြီးနဲ့ အတန်းငယ်ဆိုပြီး ခွဲပြီးတင်တယ်။ ကလေးတွေက စိတ်ဝင်စားမှုရှိပါတယ်။ သင်တန်းသားဦးရေကတော့ စုစုပေါင်း ၁၈၀ ကျော်ရှိပါတယ်”  လို့ ပြောပါတယ်။ “ဒီသင်တန်းဆင်းပွဲအခမ်းအနားကို ဒီကွက်ခိုင်ဘက်က ကျေးရွာဘက်မတွေမှာလည်း လုပ်တယ်။ ၃ ရွာစု၊ ၄ ရွာစု ပုံစံနဲ့လုပ်တယ်။ ဒီမှာတော့ ဒီနေ့လုပ်တယ်။ တစ်ချို့ရွာလည်း မပြီးသေးလို့ မလုပ်ကြသေးဘူး။ တိုးတက်မှုကတော့ အင်မတန်ကောင်းတယ်။ အရင်တုန်းက တအာင်းစာဆိုတာ မြင်တောင်မမြင်ဖူးလေ။ သင်ပြီးသားလူတွေလည်း ပိုတက်သွားတာပေါ့။ ဒီလိုလုပ်တာလည်း ၁၀ နှစ်လောက်ရှိပြီ။ အခုဆိုရင် တအာင်းတွေ ၅၀ ရာခိုင်နှုန်းလောက်ပြီ” လို့ တအာင်းစာပေ ယဉ်ကျေးမှု ဥက္ကဌ ဦးခမ်းညွန့်က ပြောပါတယ်။ သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းစာပေယဉ်ကျေးမှုအဖွဲ့၊ ကျောင်းသား၊ ကျောင်းသားမိဘတွေအပါဝင် လူဦးရေ ၂၀၀ကျော် တက်ရောက်ခဲ့ကြပါတယ်။ လက်ရှိ တအာင်းတိုင်းရင်းသားစာပေကို နွေရာသီကျောင်းပိတ်ရက်မှာ ကွက်ခိုင်ရှိ တအာင်းကျေးရွာအားလုံး သင်ကြားပေးဖို့ မတ်လမှာ ကော်မတီဖွဲ့စည်းခဲ့ပြီး သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024