Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 26, 2017
နှမ်းနက်(စမုံ) မန္တလေး ကုန်စည်ဒိုင်မှာ  နှမ်းနက်(စမုံ) အမျိုးအစားက ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၃၃,၀၀၀ ကျပ်ပေါက်ဈေး ရှိပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၁၀၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးကျဆင်းသွားပါတယ်။ ပဲပုတ်(ဗမာ) ပဲပုတ်(ဗမာ) အမျိုးအစားက ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၇၈,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ထန်းလျက် မြင်းခြံ ကုန်စည်ဒိုင်မှာ ထန်းလျက် ၁ ပိဿာကို ငွေကျပ် ၁၂၀ ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၂,၀၀ ကနေ ၁,၃၅၀ ပါက်ဈေး ရှိနေပါတယ်။ ပြောင်း လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်း ၁ ပိဿာကို ငွေကျပ် ၃၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၃၆၅ ကျပ်ကနေ ၃၈၀ ကျပ်ဈေး ရှိပါတယ်။ မြေပဲလုံးဆံနီ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီက ၁ ပိဿာကို ငွေကျပ် ၇၅ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၄၂၅ ကျပ် ရှိပါတယ်။ မြေပဲလုံးဆံဖြူ မြေပဲလုံးဆံဖြူကတော့ ၁ ပိဿာကို ၁၇၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂၆၇၅၀၀ ကျပ် ရှိပါတယ်။ မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁,၀၁၈,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၁၃,၀၀၀ ဈေးတက်လာပါတယ်။ အခု ဖော်ပြသွားတဲ့ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024