Home
မြန်မာသတင်း
ကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ်ခွဲသားများ သထုံတွင် ဖမ်းမိ
DVB
·
April 26, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ ဘုရားလေးကျောင်းတိုက်ရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းက ကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းသစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ တရားမဝင်သစ်တွေ သယ်ဆောင်လာကြောင်း သတင်းအရ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်မှ ယာဉ်မောင်း ဇော်မိုး  မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် မိုးထက် နဲ့ ကျော်ကျော်စံတို့ လိုက်ပါလာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တန်ဖိုး ၈,၅၉၇,၆၈၀ ကျပ်ရှိ ကျွန်းခွဲသားဆိုဒ်စုံ ၅၇ ချောင်း ဖမ်းမိခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဒါ့အပြင် အဲဒီယာဉ် အနောက်ကနေ လိုက်ပါလာတဲ့ ယာဉ်မောင်း ဆန်းမြင့်ဦး မောင်းနှင်လာတဲ့ ၆ ဘီး ယာဉ်ပေါ်ကနေ ကျွန်းခွဲသားဆိုဒ်စုံ ၄၆၃ ချောင်း၊ ကာလတန်ဖိုး ၉၇၈၀,၄၀၀ ကျပ်လောက်၊ စုစုပေါင်း ကျွန်းခွဲသားဆိုဒ်စုံ ၅၂၀ ချောင်း၊ ကာလတန်ဖိုး ၁၈,၃၇၈,၀၈၀ ကျပ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင်သစ်တွေ သယ်ဆောင်လာတဲ့ ဇော်မိုး၊ မိုးထက်၊ ကျော်ကျော်စံ၊ ဆန်းမြင့်ဦးတို့ကို သထုံမြို့မရဲစခန်းမှ (ပ)၅၉၀/၂၀၁၇၊ ပပက-၆ (၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024