Live
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ဆေးခြောက်ပင်နှင့် ဘိန်းစာပင်များ မီးရှို့ဖျက်ဆီး
DVB
·
April 26, 2017
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ကျွဲထိန်ကုန်းကျေးရွာမှာ ဆေးခြောက်ပင်နဲ့ ဘိန်းစာပင်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂၆ ရက် မနက်ပိုင်းက ခရိုင်ရဲမှူးဦးတင်ထွန်း ဦးစီးတဲ့အဖွဲ့ဟာ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁ မိုင်ကျော်ခန့်အကွာမှာရှိတဲ့ (ဒေသအခေါ်) ငပြေမအင်းအနီး မြေကွက်လပ်မှာ အလေ့ကျ ပေါက်တဲ့ ဆေးခြောက်ပင် ၈၀ ပင်နဲ့ ဘိန်းစာပင် ၁၀၀ ပင်တို့ကို မီးရှို့ ဖျက်ဆီးခဲ့တာပါ။ မူးယစ်ဆေးရွက်တွေကို ခြွေချချိန်တွယ်ရာမှာ  ဆေးခြောက်ပင် ၈၀ မှ အရွက်စို ၃၅ ဒသမ ၂၇ ကီလိုဂရမ် ဒေသပေါက်ဈေး ၁ ကီလိုဂရမ် ၂ သိန်းကျပ်နှုန်းနဲ့ တန်ဖိုး ၇,၀၅၄,၀၀၀ ၊ ဘိန်းစာပင် ၁၀၀ မှ အရွက်စို ၅၈ ဒသမ ၇၈၈ ကီလိုဂရမ် ဒေသပေါက်ဈေး ၁ ကီလိုဂရမ် ၂၅,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁,၄၆၉,၇၀၀ တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024