A d v e r t i s e m e n t With Us

ထိုင်းတွင်ကျင်းပသည့် ကရာတေးဒိုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများ ဆွတ်ခူး

မြန်မာကရာတေးဒိုအားကစားအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ကျင်းပတဲ့ Thailand Open Karatedo Championship 2017 ပြိုင်ပွဲမှာ စုစုပေါင်း ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁ ဆု၊ ကြေးတံဆိပ် ၆ ဆု ရရှိခဲ့ပါတယ်။ မြန်မာကရာတေးဒိုအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုတွေကို kata ပြိုင်ပွဲမှာ မင်းဟိန်းခန့်၊ အမျိုးသမီးတဦးချင်း kumite +68 kg ပြိုင်ပွဲမှာ ဝင်းသူဇာမင်း၊ ဆွေဆွေအောင်၊ ပိုးမြာ၊ သဇင်အေး သုံးယောက်တွဲကနေ ရယူပေးခဲ့တာပါ။ ငွေတံဆိပ်ဆုကိုတော့ အမျိုးသားတဦးချင်း kumite - 55kg ပြိုင်ပွဲမှာ ဝင်းရန်ပိုင်၊ ကြေးတံဆိပ်ဆုကို - 75kg မှာ စိုင်းဉာဏ်လင်း၊ - 84kg မှာ ခင်ညွန့်၊ kata ပြိုင်ပွဲမှာ ရည်နွယ်ထွန်း၊ ကျော်ဇင်ဖြိုး၊ kumite အသင်းလိုက် အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတို့က ရယူပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ မြန်မာကရာတေးဒိုအားကစားအဖွဲ့အနေနဲ့ Japan Cup ပြိုင်ပွဲလည်း ကျင်းပထားသလို စနစ်တကျ လေ့ကျင့်ပြင်ဆင်ပြီးတော့ လာမယ့်ဆီးဂိမ်းမှာ အောင်မြင်မှုတွေ ဆွတ်ခူးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ သတင်း - ထက်လူ၊ ဓာတ်ပုံ - MKF

A d v e r t i s e m e n t With Us

More News
Up