စစ်ကိုင်းပညာရေးကောလိပ်၌ ဖိနှိပ်အုပ်ချုပ်မှုကို ဆန္ဒပြသည့် ကျောင်းသား ၂ ဦး အဖမ်းခံရ
DVB
·
April 26, 2017
ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းပညာရေးကောလိပ်မှာ ဖိနှိပ်အုပ်ချုပ်တာတွေ ရှိနေတဲ့အတွက် ဆန္ဒပြခဲ့တဲ့ ပညာရေးကောလိပ် ကျောင်းသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
စစ်ကိုင်းပညာရေးကောလိပ်မှာ ဖိနှိပ်အုပ်ချုပ်မှုတွေ ရှိနေတဲ့အတွက် ပညာရေးကောလိပ်မှ ကျောင်းသား ၂ ဦး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၄ x ၃၅ လမ်းကြားရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှေ့မှာ မနက် ၁၀ ခွဲလောက်က ဆန္ဒပြခဲ့ ကြတာပါ။
ဆန္ဒဖော်ထုတ်တဲ့ ပညာရေးကောလိပ်ကျောင်းသား ၂ ဦးကို ၁၅ မိနစ်အကြာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြပါတယ်။