Home
မြန်မာသတင်း
ပဲခူး​မြို့​တွင် နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ကို ဂုဏ်ပြု
အေးနိုင်
·
January 24, 2012
ပဲခူး​မြို့​နယ်မှာ ၁၉၆၂ ခုနှစ်က​နေ ၂၀၁၂ အတွင်း​ ပြန်လည် လွတ်​မြောက်လာကြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ၁၀၀ ​ကျော်ကို အခမ်း​အနား​နဲ့​ ဂုဏ်ပြု​ခဲ့ပါတယ်။ ပဲခူး​နာရီစင်အနီး​မှ ဂရင်း​ဆိုရှယ် ခန်း​မမှာ ဒီက​နေ့​ မနက်ကိုး​နာရီက စတင်ခဲ့​တဲ့​ ဒီဂုဏ်ပြုပွဲကို မကြာ​သေး​ခင်က လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက ​ကော်မတီဖွဲ့​ စီစဉ်တာပါ။ ကိုမင်း​ကိုနိုင်တို့​ အပါအဝင် ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေလည်း​ ဒီပွဲကို တက်​ရောက်ဂုဏ်ပြုခဲ့​သလို ပရိသတ် ၄၀၀ ​ကျော် တက်​ရောက်ကြပါတယ်။ အခမ်း​အနား​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် သဘာပတိအဖွဲ့​ နာယက ဦး​တင်ဦး​ရဲ့​ သဝဏ်လွှာကို ဖတ်ကြား​သလို ပဲခူး​တိုင်း​ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ဦး​မြတ်လှနဲ့​ ရှစ်ဆယ့်​ရှစ် မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် မင်း​ကိုနိုင်တို့​ကလည်း​ ဂုဏ်ပြု အမှာစကား​ ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024