A d v e r t i s e m e n t With Us

သူပုန်သိမ်းပိုက်ထားသည့်မြို့များကို ဆီးရီးယားလေတပ် ဗုံးကြဲ၊ လူအများအပြားသေ (ရုပ်သံ)

ဆီးရီးယားနိုင်ငံက သူပုန်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေမှာ လေတပ်က ထိုးစစ်ဆင်မှုတွေကြောင့် လူအတော်များများ သေကျေပျက်စီးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ ဟုမ်းလ်ပြည်နယ်နဲ့ ဟာမာပြည်နယ်တွေထဲက သူပုန်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ဧပြီ ၂၄ ရက်နေ့က စစ်လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဟာမာပြည်နယ်ထဲက လာတမ်နာ (Latamneh) မြို့နဲ့ ကာဖာဇီတာ (Kafr Zita) မြို့အပြင် ဟုမ်းလ်ပြည်နယ်ထဲက အူးရာ (Houla) မြို့တွေကို ထိခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။ လူအများအပြား သေကျေခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။ ဧပြီ ၂၄ ရက်နေ့က အင်တာနက် လူမှုကွန်ရက်တွေပေါ် တက်လာတဲ့ ဗွီဒီယိုတခုမှာ မြို့ ၃ မြို့ပေါ် ဗုံးတွေကြဲချတာကို တွေ့ရပါတယ်။ ဗုံးဒဏ်ခံခဲ့ရတဲ့ မြို့ ၃ မြို့လုံးဟာ ဧပြီ ၂၃ ရက်နေ့က ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်တွေ ချီတက်သိမ်းပိုက်ခဲ့ကြတဲ့ ဟာမာမြို့အနီး တည်ရှိတဲ့မြို့တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အစိုးရတပ်တွေဆီကနေ သူပုန်တွေ သိမ်းပိုက်သွားတဲ့ ဟာဖာယာ (Halfaya) မြို့နဲ့ အနီးတဝိုက်ရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ အစိုးရစစ်တပ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up