A d v e r t i s e m e n t With Us

ဂူဂဲလ်မှတီထွင်သည့် မိုးပျံကားများ ဝယ်ယူနိုင်တော့မည် (ရုပ်သံ)

နာမည်ကျော် ဂူဂဲလ် အင်တာနက်ဝက်ဘ်ဆိုက် ကုမ္ပဏီဟာ ထုတ်ကုန်သစ်ဖြစ်တဲ့ ကောင်းကင်ကနေ ပျံသန်းနိုင်မယ့် မိုးပျံကားကို တီထွင်ခဲ့ပြီး အဲဒီကားကို အခုနှစ်ကုန်ပိုင်းမှ စတင်ကာ ဝယ်ယူနိုင်တော့မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီမိုးပျံကားဟာ ဂျက်လေယာဉ်ငယ် အစိတ်အပိုင်းတွေနဲ့ တပ်ဆင်တည်ဆောက်ထားတဲ့ လျှပ်စစ်လေယာဉ်ဖြစ်ပြီး ဒါဟာ နည်းပညာတော်လှန်ရေးတခု ဖြစ်လာခဲ့တာပါ။ ဒီယာဉ်ကို ကစ်တီဟော့ခ်လို့ အမည်ပေးထားပြီး ဒါကို မောင်းနှင်ဖို့အတွက် လေယာဉ်ပိုင်းလော့ လိုင်စင်လည်း မလိုအပ်ပါဘူး။ ပေါင် ၂၂၀ အလေးချိန်ရှိတဲ့ ဒီယာဉ်ကို အမြင့် ၁၅ ပေအထိ ပျံသန်းနိုင်မှာဖြစ်ကာ တနာရီကို ၂၅ မိုင်နှုန်းထိ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂူဂဲလ်ဝက်ဘ်ဆိုက် ပူးတွဲတည်ထောင်သူတဦးဖြစ်တဲ့ လယ်ရီပေ့ခ်ျက ဒီထုတ်လုပ်မှုအတွက် ကျောထောက်နောက်ခံပေးထားတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် ပေါင် သန်း ၁ဝ၀ ရှိခဲ့တယ်လို့ မနှစ်က ထုတ်ပြန်ခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ရည်ရွယ်ချက်က လူတွေရဲ့ ကိုယ်ပိုင်လေယာဉ်အိပ်မက်စိတ်ကူးကို အကောင်အထည်ဖော်ပေးချင်တာပါ။ လူတိုင်းမှာ သူတို့ပျံသန်းနိုင်မယ့် ကိုယ်ပိုင်ယာဉ်တစင်း ရှိနေတယ်ဆိုတာဟာ အတိုင်းအဆမရှိတဲ့ ကမ္ဘာတခုဆီ လွတ်လွတ်လပ်လပ် ရောက်ရှိနိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်” လို့ ဒီယာဉ်နဲ့ပတ်သက်ပြီး တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှာ ထုတ်ပြန်ထားပါတယ်။ ရောင်းချမယ့် တရားဝင်ဈေးနှုန်းကိုလည်း အခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီယာဉ်ဝယ်ယူမယ့်သူတွေကို ပေါင် ၂၀၀၀ လျှော့ဈေးနဲ့ ရရှိနိုင်ဖို့ ပေါင် ၁၀၀ နဲ့ ကနဦး စာရင်းသွင်းထားနိုင်တယ်လို့ ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up