A d v e r t i s e m e n t With Us

တိုက်စစ်မှူး ကော်စတာ ခြေစွမ်းပြပြီး ချဲလ်ဆီးက ဆောက်သမ်တန်ကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ ဧပြီ ၂၅ ရက်ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ပွဲအစ ၅ မိနစ်မှာပဲ ဟာဇက်က သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၂၄ မိနစ်မှာ ဆောက်သမ်တန်အတွက် အိုရီယို ရိုမူးက ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ချဲလ်ဆီး နောက်ခံလူ ကာဟေးက တဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်က ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ချဲလ်ဆီးက အသာရခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်း ၅၃ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဆောက်သမ်တန်အတွက် ဒုတိယချေပဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘာထရန်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ကော်စတာကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းဟာ ရမှတ် ၇၈ မှတ်နဲ့ ဒုတိယနေရာက စပါးကို ၇ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ရေး ပိုနီးစပ်လာခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ရမှတ် ၄၀ နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up