Home
မြန်မာသတင်း
ကော့သောင်းနှင့် ရနောင်း ပြေးဆွဲနေသည့် ကူးတို့လှေ နစ်မြုပ်၊ အမျိုးသား ၁ ဦး ပျောက်ဆုံး
DVB
·
April 26, 2017
ကော့သောင်းမြို့နဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကို ပြေးဆွဲနေတဲ့ ကူးတို့လှေတစီး ဧပြီ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့တဲ့အတွက် အမျိုးသား ၁ ဦး ပျောက်နေပါတယ်။ ကူးတို့လှေမှာ ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ဓမ္မာရုံဆိပ်ကနေ ထိုင်းနိုင်ငံ ရနှောင်းမြို့ ဖန်ဖလားဆိပ်ကမ်းကို ခရီးသည် ၁၅ ဦး တင်ဆောင်ပြီး ဓမ္မာရုံကူးတို့ဆိပ်နဲ့ တဖာလုံလောက် အကွာ ရွှေင်္ဟသာရပ်ကွက်နဲ့ မြွေတော်ကျွန်းအကြား မောင်းနှင်နေစဉ် အရှေ့ကဖြတ်သွားတဲ့ ရွှေရည် ၉ အမည်ရှိ ငါးကဲ့လှေ လှိုင်းရိုက်ခတ်တဲ့အတွက် ရေဝင်နစ်မြုပ်ပြီး ခရီးသည် ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ အောင်ထိန်လင်း ၃၄ နှစ်ဆိုသူမှ ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ပျောက်ဆုံးနေသူကို ဆက်လက်ရှာဖွေနေကြပြီး ရေမွန်းဒဏ်ခံခဲ့ရတဲ့ ဒေါ်တင်ကြည်နဲ့ မစန်းစန်းလွင်တို့ ၂ ဦးကို ကော့သောင်းဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေခဲ့ရပါတယ်။ ကူးတို့လှေ အန္တရာယ်ဖြစ်လောက်အောင် ၀န်ပိုတင်မောင်းနှင်တဲ့ လှမောင်းဦးထွန်းဝေကို ကော့သောင်းမြို့ရဲစခန်း ဒုရဲအုပ်သက်ပိုင်ဦးမှ တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၂၈၀/၂၈၂ အရ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - လတ်ကိုကိုဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024