မိုးညှင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေး သိန်း ၆၆၀ ကျပ်တန်ဖိုး ဖမ်းမိ
DVB
·
April 25, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နမ္မချီမှော်ကိုသွားတဲ့ လမ်းမပေါ်မှာ ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီက စိတ်ကြွဆေးပြား သိန်း ၆၆၀ တန်ဖိုး ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။
မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့ ၃ မှ တာဝန်ရှိသူတွေ မော်ဟန်စခန်းမှူးနဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်သတင်းအရ သက်သေတွေနဲ့အတူ မော်ဟန်-နမ္မချီသွား လမ်းမပေါ်မှာ စောင့်ဆိုင်းနေစဉ် မော်လူးရွာဘက်မှ နမ္မချီမော်ဘက်ကို တင်ဇော် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်ထဲက မိုင်းခံစက္ကူနဲ့ထုပ်ထားတဲ့ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ထုပ်ကို ၂၀၀ ပြားစီပါ အထုပ် ၁၀ ထုပ်၊ အတွဲ ၁၁ တွဲ၊ စုစုပေါင်း ၁၁၀ ထုပ်၊ အပြားပေါင်း ၂၂၀၀၀ ပြား ကာလတန်ဖိုးကျပ် ၆၆၀ သိန်းတန်ဖိုးနဲ့ ငွေစက္ကူရောရာ ၄ သိန်း ၉ သောင်းကျပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူ အင်းတော်မြို့နယ် ဟောင်းတုန်းကျေးရွာနေ တင်ဇော် (၄၁ နှစ်)ကို မယ(ပ)၅၅/၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က) ဖြင့် ရဲအုပ်မျိုးမင်ထွန်းက တရားလိုအဖြစ် မိုးညှင်းမြို့မရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ပြီး အမှုစစ်ရဲအုပ်စိုးဝင်းက ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း