ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သြစတြီးယားတပ်မတော်က ဂုဏ်ပြုကြိုဆို (ဓာတ်ပုံ)
DVB
·
April 25, 2017
ဥရောပခရီးစဉ်သွားရောက်နေတဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သြစတြီးယားတပ်မတော် စစ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ကာချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အော့တ်မာ ကောမန်းဒါတို့ တွေ့ဆုံပြီး တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ တပ်မတော်အကြီးအကဲတွေ အပြန်အလှန်ချစ်ကြည်ရေးလာရောက်ဖို့၊ အီးယူနိုင်ငံတွေက တပ်မတော်တွေနဲ့ မြန်မာ့တပ်မတော်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ မြန်မာ့ တပ်မတော် အရာရှိတွေကိုလည်း သြစတြီးယားနိုင်ငံသို့ စစ်ဘက်ဆိုင်ရာသင်တန်းတွေ စေလွှတ်ဖို့ စတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။