စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဟိုတယ်တလုံး မီးအကြီးအကျယ်လောင် (ရုပ်သံ)
Published By
DVB | 25 April, 2017
604
0
Share
0
Comment
0
Likes
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ ဟိုတယ်တလုံးရဲ့ အပေါ်ဆုံးထပ်မှာ မီးလောင်ကျွမ်းမှုတခုဖြစ်ခဲ့ပြီး မီးတောက်မီးလျှံတွေဟာ အရှိန်တငြီးငြီးနဲ့ ထိုးတက်နေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီမီးလောင်ကျွမ်းမှုဟာ ဂရင်းဗီယာကက်ပီတယ်လ်ဟိုတယ်မှာ ဧပြီ ၂၄ ရက် မနက် ၈း၁၅ နာရီမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ စပိန်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီဟိုတယ်ဟာ နာမည်ကျော်ကြားတဲ့ ဂရင်းဗီယာလမ်းမပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘာကြောင့် မီးလောင်ကျွမ်းရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိနိုင်သေးပဲ ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှမရှိခဲ့ဘူးလို့ အယ်လ်ပိုင်စ်သတင်းက ဆိုပါတယ်။
မြို့တော်မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ အဲဒီအဆောက်အအုံကို မီးမထိန်းနိုင်ခဲ့ဘူးလို့ ပြောပါတယ်။