ဝါးမီးသွေးကို ပြည်ပနိုင်များသို့ တင်ပို့နိုင်ရန် စတင်လုပ်ဆောင်
DVB
·
April 25, 2017
ဝါးမီးသွေးကို ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ဖို့ စတင်လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းက သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်းက ဝါးပျိုးပင်တွေကို တနိုင်ငံလုံးမှာ စတင်ဖြန့်ဝေ စိုက်ပျိုးခဲ့ပြီး ဝါးမီးသွေး မှာယူလိုတဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။
ဝါးပင်တွေကို လူသုံးကုန် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုပြီး ကျန်ရှိနေတဲ့ ဝါးပင်ငုတ်တိုတွေကိုသာ မီးသွေးဖုတ် တင်ပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံက ထွက်တဲ့ ဝါးမီးသွေး ၁ ကီလိုကို ၄၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ မြန်မာနိုင်ငံကို တင်သွင်း ရောင်းချနေတယ်လို့ သိရပါတယ်။
သတင်း - AMIA