ပြင်သစ်တွင် ရွေးကောက်ပွဲရလဒ် မကျေနပ်၍ ဆန္ဒပြသူများနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)
Published By
DVB | 24 April, 2017
449
0
Share
0
Comment
0
Likes
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဧပြီ ၂၃ ရက်နေ့က ပထမအသုတ် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ ၂၃ ရက်နေ့က ကျင်းပတဲ့ ပြင်သစ်ရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ပါတီက သမ္မတလောင်း အီမန်နျူဝယ်လ် မာကွန်း (Emmanuel Macron) နဲ့ National Front ပါတီက မာရီနာ လီပန်း (Marine Le Pen) တို့ ပထမနဲ့ ဒုတိယမဲအများဆုံး အနိုင်ရရှိခဲ့တာကြောင့် လက်ယာယိမ်းပါတီတွေကို မကြိုက်တဲ့ ပြည်သူတချို့ လမ်းပေါ်ထွက် ဆန္ဒပြပြီး ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
မနေ့ကကျင်းပတဲ့ ပထမအသုတ် ပြင်သစ်ရွေးကောက်ပွဲမှာ အသက် ၃၉ နှစ်သာရှိသေးတဲ့ အလယ်လတ်လမ်းစဉ်သမား အီမန်နျူဝယ်လ် မာကွန်းက ၂၃ ဒသမ ၉ ရာခိုင်နှုန်းနဲ့ မဲအများဆုံး ရရှိခဲ့ပါတယ်။
လက်ယာစွန်းသမားအဖြစ် နာမည်ကြီးတဲ့ National Front ပါတီ သမ္မတလောင်း မာရီနာ လီပန်းက ၂၁ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ဒုတိယမဲအများဆုံး ရရှိခဲ့ပါတယ်။
ဒီ့အတွက် သူတို့နှစ်ဦးသား မေလ ၇ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအသုတ် ရွေးကောက်ပွဲမှာ ပြင်သစ်နိုင်ငံရဲ့ အနာဂတ် သမ္မတလောင်းတွေအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ရဲတွေကို ပစ္စည်းမျိုးစုံနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ခုခံခဲ့ကြပါတယ်။ ဒီအတွက် ဆန္ဒပြသူအတော်များများကို ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။