သဘာဝအလှတွေ မပျက်စီးသေးတဲ့ တီဇစ်ပင်လယ်ကမ်းခြေအလှ (ဓာတ်ပုံ)
DVB
·
April 24, 2017
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ကနေ အချိန် တစ်နာရီခွဲလောက် ကားမောင်းပီး သွားရင်ရောက်တဲ့ တီဇစ်ပင်လယ်ကမ်းခြေဟာ ပြည်တွင်းခရီးသွားတွေ အရောက်ပေါက် နည်းပေမယ့် နိုင်ငံခြားသား ခရီးသည်တွေ အများဆုံးလာရောက်တဲ့ ကမ်းခြေတခုဖြစ်ပါတယ်။
ဒီပင်လယ်ကမ်းခြေရဲ့ တစ်မိုင်ကျော်အကွာအဝေးမှာ ရေနံသန့်စက်ရုံတည်ဆောက်မှာမို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ရေနံစက်ရုံမတည်ဆောက်ဖို့ ကန့်ကွက်နေကြပါတယ်။
ဓာတ်ပုံ- မြတ်သူအောင်