A d v e r t i s e m e n t With Us

အမေရိကန်လေယာဉ်တင်သင်္ဘောကို ပစ်ခတ်နှစ်မြုပ်ရန် အဆင်သင့်ဟု မြောက်ကိုရီးယား ပြော

ဓာတ်ပုံ - အေအက်ဖ်ပီ
ကိုရီးယားကျွန်းဆွယ်ကို လာရောက်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန် (Carl Vinson) ကို ပစ်ခတ်နှစ်မြှုပ်ပစ်ဖို့ အဆင်သင့်ပဲလို့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ဧပြီ ၂၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဒီအမေရိကန်လေယာဉ်တင်သင်္ဘောကို တချက်တည်းနဲ့ ပစ်ခတ်နှစ်မြုပ်ပစ်လို့ရတယ်လို့ အစိုးရပိုင်သတင်းစာအာဘော်မှာ ရေးထားဖော်ပြခဲ့တာပါ။ လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန် ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ်အုပ်ဟာ မြောက်ကိုရီယားကျွန်းဆွယ်ကို ဦးတည်သွားရောက်နေပြီး ဒီတပတ်ထဲမှာ ရောက်ရှိမယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံကို စိတ်မရှည်တော့ဘူးဆိုပြီး ဒီစစ်သင်္ဘောအုပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က စေလွှတ်လိုက်တာပါ။ အမေရိကန်နိုင်ငံနဲ့ စစ်ရေးတင်းမာမှု မြင့်နေချိန်မှာ မြောက်ကိုရီးယားနိုင်ငံက မအောင်မြင်တဲ့ ဒုံးကျည်ပစ်လွှတ်ခဲ့သေးသလို စစ်ရေးပြအခမ်းအနားလည်း အကြီးအကျယ် ကျင်းပခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ ရန်သူတွေ ခေါင်းမထောင်လာအောင် တခါတည်း အမြစ်ပြတ်ချေမှုန်းမယ်လို့လည်း နောက်ထပ် မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာမှာ ရေးသားခဲ့ပါသေးတယ်။ အမေရိကန်ရဲ့ မဟာမိတ် သြစတြေးလျနိုင်ငံကိုလည်း နျူကလီးယားလက်နက်နဲ့ ပစ်ခတ်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ထားပါတယ်။ လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်နဲ့ အမေရိကန်တိုက်ရေယာဉ်အုပ်ဟာ ဧပြီ ၂၃ ရက်နေ့က ဖိလစ်ပိုင်ပင်လယ်အတွင်း ဂျပန်ရေတပ်နဲ့ တွဲဖက်စစ်ရေးလေ့ကျင့်မှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up