လာမည့်ဘောလုံးရာသီတွင် ပိုကောင်းသည့်အသင်း ဖြစ်လာမည်ဟု မန်စီးတီးနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
499
ဖလားလက်မဲ့ရာသီဖြစ်ခဲ့ရပေမယ့် လာမယ့်ဘောလုံးရာသီမှာ ပိုကောင်းတဲ့အသင်း ဖြစ်လာလိမ့်မယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဆုဖလာတလုံး လက်လွှတ်ခဲ့ရသလို ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။
ဒီလို ဆုဖလားတလုံးမှ မရခဲ့တာဟာ နည်းပြဂွာဒီယိုလာရဲ့ နည်းပြဘဝ သက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
စပိန်နည်းပြ ဂွာဒီယိုလာဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ တနှစ်ကို အနည်းဆုံး ဆုဖလားတလုံး ရယူနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းမှာတော့ ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ဘောလုံးရာသီအဖြစ် ကြုံတွေ့ခဲ့ရတာပါ။
မန်စီးတီးအသင်းသားတွေအနေနဲ့ ဒီလိုအခြေအနေမျိုးကနေ သင်ခန်းစာယူရမှာဖြစ်ပြီး လာမယ့်ဘောလုံးရာသီမှာ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ်လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။