A d v e r t i s e m e n t With Us

ဆေးပေါ့လိပ်မီး စွန့်ပစ်ရာကနေတဆင့် မီးလောင်မှုဖြစ်ပွား

ရေးမြို့နယ်မှာ မနေ့ နေ့လယ်ပိုင်းက ဆေးပေါ့လိပ်မီး စွန့်ပစ်ရာကနေတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ရေး-မော်လမြိုင် ကားလမ်းဘေး မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စုအပိုင်၊ ပုပ္ဖဝတီကျေးရွာမှာ ဧပြီ ၂၃ ရက် နေ့လယ်  ၂ နာရီ ၅၅ မိနစ်အချိန်က ရာဘာရောင်းဝယ်ရေး ဆိုင်ခန်း ပိုင်ရှင်ဖြစ်သူ ဦးဇော်ဦးက ဆိုင်ခန်းအတွင်းရှိ အမှိုက်ခြင်းထဲကို ဆေးပေါ့လိပ်မီး စွန့်ပစ်ခဲ့ရာမှ အမှိုက်ခြင်းကနေတဆင့် အနီးရှိရာ ရာဘာပြားများကို မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာကို သက်ဆိုင်ရာတာဝန်ရှိသူနဲ့ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊  မီးသတ်ယာဉ် ၃ စီးနဲ့အတူ ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်က မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ပေ ၂၀ ×၂၅ ပေ သွပ်မိုး အုတ်ညှပ် မြေစိုက်အဆောက်အဦ ၁ လုံး၊ တန်ဖိုးငွေကျပ် ၆၂၅၀၀၀ လောက်နဲ့ ဆိုင်ခန်းအတွင်းရှိ ရာဘာပေါင် ၁၀၀ ခန့် ကာလပေါက်ဈေး ငွေ ၇၅၀၀၀ ခန့် ဆုံးရှုံးခဲ့ပါတယ်။ မီးပေါ့ဆသူ ဦးဇော်ဦးကို ရေးမြို့မရဲ စခန်းမှ (ပ)/၁၂၆/၂၀၁၇ အရ ရာဇာသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်   

A d v e r t i s e m e n t With Us

More News
Up