A d v e r t i s e m e n t With Us

ပိုက်ကွန်ထဲမိနေသည့် ဝေလငါးကို သင်္ဘောသားတဦးက အသက်စွန့် ကယ်တင် (ရုပ်သံ)

ပိုက်ကွန်ထဲ မိနေတဲ့ဝေလငါးတကောင်ကို ရဲရင့်တဲ့ သင်္ဘောသားတဦးက ကုန်တင်သဘောင်္ရဲ့ဘေးကို ခုန်ချခဲ့ပြီး ကတယ်တင်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ ဝေလငါးကြီးက ပိုက်ကွန်ထဲမှာ ရုန်းကန်နေရသလို ကုန်တင်သဘောင်္ကြီးရဲ့ ကုန်းပတ်ပေါ်မှာ သင်္ဘောသားတွေက လက်ဟန်ခြေဟန်ပြ ပြောဆိုနေကြတာတွေကို ရုပ်သံထဲမှာ တွေ့ရမှာပါ။ အဲဒီနောက် သဘောင်္သားတဦးက ပေ ၄၀ မြင့်တဲ့ သဘောင်္ကုန်းပတ်ပေါ်ကနေ ရုတ်တရက် ခုန်ချလိုက်ပြီး ဝေလငါးကြီးရှိရာကို ကူးခတ်သွားပါတယ်။ ပိုက်မှာမိနေတဲ့ ဝေလငါးရဲ့နှုတ်သီးကို ဖယ်ထုတ်ပေးလိုက်ပြီး ငါးကြီးကို အဝေးကိုတွန်းပို့ လွှတ်ပေးလိုက်တာပါ။ ဝေလငါးကြီး သမုဒ္ဒရာထဲ ပြန်လည်ကူးခတ်သွားချိန်မှာတော့ သဘောင်္သားလည်း ဝမ်းသာပြီး သင်္ဘောကုန်းပတ်ပေါ် ပြန်တက်ခဲ့ပါတယ်။ သင်္ဘောသား စွန့်စားကယ်တင်ခဲ့တာက ဧပြီလ ၁၉ ရက်နေ့ကဖြစ်ပြီး ဒီရုပ်သံကို ယူကျုတင်ပြီးချိန်မှာတော့ သုံးစွဲသူတွေက ရဲရင့်တဲ့ သဘောင်္သားကို ချီးကျူးနေကြပါတယ်။ “ကြည့်ရတာ တကယ်ကို အံ့သြဖို့ကောင်းပါတယ် ဒီလိုဂရုစိုက်တတ်တဲ့ အသက်စွန့်ပြီး ကယ်တင်တတ်တဲ့ လူမျိုးတွေကို မြင်ရတာ ဝမ်းသာစရာပဲ” လို့ မှတ်ချက်ရေးသူ တွမ်စကော့တ်က ပြောပြီး “ကြင်နာမှုကို ပြတဲ့ လူသားဆန်တဲ့ အံ့မခန်းစွမ်းဆောင်မှု” လို့ မှတ်ချက်ရေးသူ ဂျွန်အက်စ်ဆိုသူက ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up