A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံသား ပါမောက္ခဟောင်းကို မြောက်ကိုရီးယား ဖမ်းဆီး

မြောက်ကိုရီးယားက အမေရိကန်နိုင်ငံသား နောက်ထပ်တဦးကို ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ တောင်ကိုရီးယား ယွန်ဟက်ပ်သတင်းဌာနက ဖော်ပြထားပါတယ်။ အခုဆိုရင် မြောက်ကိုရီးယားက ဖမ်းဆီးထားတာ အမေရိကန်နိုင်ငံသား သုံးဦးရှိပြီလို့ သတင်းက ဆိုပါတယ်။ မျိုးရိုးအမည် ကင်မ်လို့ခေါ်တဲ့ အသက် ၅၀ နှစ်အရွယ် ရန်ဘီရန် သိပ္ပံနဲ့နည်းပညာတက္ကသိုလ် (ဝိုင်ယူအက်စ်တီ) က ပါမောက္ခဟောင်း ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသားက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဆွေးနွေးဖို့ မြောက်ကိုရီးယားနိုင်ငံကို ရောက်နေတာလို့ ဧပြီ ၂၃ ရက်နေ့ ယွန်ဟက်ပ်သတင်းမှာ ဖော်ပြထားတာပါ။ အဆိုပါ အမေရိကန်နိုင်ငံသားကို မြောက်ကိုရီးယားကအထွက် ပြုံ့ယမ်းနိုင်ငံတကာလေဆိပ်မှာ ဖမ်းခဲ့တာလို့ သိရပါတယ်။ တောင်ကိုရီးယားအမျိုးသား ထောက်လှမ်းရေးမှ အရာရှိတဦးကတော့ ဖမ်းဆီးခံရမှုကို မသိရှိဘူးလို့ ပြောလိုက်ပြီး ဝိုင်ယူအက်စ်တီကို ဖုန်းခေါ်ဆိုမှုကလည်း ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ သိရပါတယ်။ မြောက်ကိုရီးယားက အမေရိကန် ၂ ဦးကို ယခင်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြောက်ကိုရီးယား ဝါဒဖြန့်ချိရေး ခေါင်းစီးစာတန်းကို ခိုးယူဖို့ကြိုးစားမှုနဲ့ အော့တိုဝါမ်ဘီယာ လို့ခေါ်တဲ့ အသက် ၂၂ နှစ်အရွယ် ကျောင်းသားကို မနှစ် ဇန်နဝါရီလက ဖမ်းဆီးခဲ့ပြီး မြောက်ကိုရီးယား တရားရုံးက ထောင်ဒဏ် ၁၅ နှစ်နဲ့ အလုပ်ကြမ်း ချမှတ်ခဲ့ပါတယ်။ နောက်ထပ် ကိုရီးယားအနွယ်ဖွား အမေရိကန်လူမျိုး ကင်မ်ဒုန်ချူးလ် အသက် ၆၂ နှစ်ကို ၂၀၁၆ ခုနှစ်၊ မတ်လ က ဆန့်ကျင်မှုဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up