A d v e r t i s e m e n t With Us

ဗင်နီဇွဲလားသမ္မတဖြုတ်ချရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူများအတွက် အသံတိတ်လမ်းလျှောက်

ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း ဗင်နီဇွဲလားသမ္မတ ဖြုတ်ချရေး ဆန့်ကျင်ပြပွဲတွေ အတွင်း သေဆုံးခဲ့သူတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အသံတိတ်လမ်းလျှောက်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က အစိုးရအတိုက်အခံတွေက ဦးဆောင် ကျင်းပခဲ့ကြပါတယ်။ သမ္မတ မာဒူရိုကို ဆင်းပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းလို့ လူအယောက် ၂၀ သေဆုံးခဲ့ကြပြီး ဖြစ်ပါတယ်။ အခု ကာရာကတ်မြို့တော်မှာ ကျင်းပခဲ့တဲ့ အသံတိတ် လမ်းလျှောက်ချီတက်ပွဲမှာ လူ ထောင်နဲ့ ချီ ပါဝင်လမ်းလျှောက်ခဲ့ကြပြီး ဆန္ဒပြသူတွေ အဖြူရောင်ဝတ်စုံ ၀တ်ဆင် လမ်းလျှောက်ခဲ့ကြပါတယ်။ အခုလို လမ်းလျှောက်ချီတက်ပွဲမျိုး နိုင်ငံတ၀န်း တခြားမြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ အတိုက်အခံတွေ လွှမ်းမိုးထားတဲ့ အမျိုးသားလွှတ်တော်ကို ဗဟိုတရားရုံးက ထိန်းချုပ်ဖို့ လုပ်တဲ့အတွက် ပြန်လည်ဖြစ်ပွားလာတာပါ။ ၃ ရက်အကြာမှာ ဥပဒေကို ပြန်ရုပ်သိမ်းပေးခဲ့ပေမယ့်လည်း ဆန္ဒပြပွဲတွေက ဆက်လက် ဖြစ်နေဆဲပါ။ အတိုက်အခံခေါင်းဆောင်တွေက သမ္မတရွေးကောက်ပွဲကို စောပြီး ကျင်းပပေးဖို့နဲ့ ဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။ ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မတူးဖော်ရသေးတဲ့ ရေနံပိုင်ဆိုင်မှု အများဆုံး နိုင်ငံဖြစ်ပေမယ့် စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ အခုနှစ်မှာ ငွေဖောင်းပွနှုန်း ၇၀၀ ရာခိုင်နှုန်း အထိတက်လာဖွယ်ရှိတယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up