Home
မြန်မာသတင်း
ကိုးကန့်တပ်ဖွဲ့ ခြေကုပ်ယူထားသည့် ပွိုင့် ၂၁၀၉ တွင် တိုက်ပွဲထပ်​မံပြင်းထန်
DVB
·
April 23, 2017
မြန်မာ့တပ်မတော်က ပွိုင့် ၂၀၃၃ မှာ ကိုးကန့်အခိုင်အမာယူထားတဲ့ စခန်း ၂ ခုကို ဧပြီ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၂၂ ရက်နေ့က ပွိုင့် ၂၁၀၉ ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ ပွိုင့် ၂၁၀၉ကို သိမ်းပိုက်နိုင်ရန် တပ်မတော်ရည်ရွယ်ရတဲ့ အကြောင်းအရင်းက အဲဒီနေရာဟာ မြန်မာ့တပ်မတော်က နေရာယူထားတဲ့ ရှင်ထန်နယ်မြေ ၂၁၄၅ နေရာနဲ့ နီးစပ်နေတာကြောင့် ဖြစ်တယ်လို့ ကိုးကန့်တပ်မတော် (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) က ပြောပါတယ်။ ကိုးကန့်တပ်ရင်း ၃၁၁ ရဲ့ ဒုတိယစစ်ကြောင်းမှူးတဦိးက “မြန်မာတပ်မတော်က လက်နက်ကြီးတွေ ပစ်တယ်။ ပြီးတော့ သူတို့ ပွိုင့် ၂၀၃၃ ကို သိမ်းပိုက်နိုင်တယ်။ ဒါပေမယ့် ဒီဘက်က ထိခိုက်မှု ကြီးကြီးမားမားမရှိပါဘူး။ တပ်မတော်က အဓိက သူတို့ပစ်ချင်တာက ငါးသွေးချောင်း နယ်မြေဖြစ်တဲ့ ပွိုင့် ၂၁၀၉ ကို သိမ်းပိုက်ချင်နေတာ။ အဲဒါက သူတို့ နေရာယူထားတဲ့ ၂၁၄၅ နဲ့ နီးတယ်လေ” လို့ ပြောပါတယ်။ မြန်မာ့တပ်မတော်က ပွိုင့် ၂၀၃၃ကို သိမ်းပိုက်လိုက်တဲ့အတွက် ဟုန်ရန် နယ်မြေနဲ့ လောက်ကိုင်တို့ အဆက်အသွယ်ပျက်သွားနိုင်ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကိုးကန့် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီနေ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ သတင်း - နိုင်နိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024