A d v e r t i s e m e n t With Us

အမေရိကန်၏ ရန်လိုမှုကို တုံ့ပြန်ရန် အဆင်သင့်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယား စစ်တပ်ဟာ အမေရိကန်ရဲ့ ရန်လိုမှုကို တုံ့ပြန်ဖို့ အဆင်သင့်ပဲလို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒီကြေညာချက်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာ KRT က ဒီနေ့ ဖတ်ကြားလိုက်တာပါ။ မြောက်ကိုရီးယားဟာ မနှစ်က နျူကလီးယား လက်နက် ၂ ခုကို စမ်းသပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု အတော်များများ လုပ်ခဲ့လို့ လတ်တလော လတွေအတွင်း တင်းမာမှု သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်နဲ့ အမေရိကန်ကို ပစ်နိုင်စွမ်း မရှိအောင် မြောက်ကိုရီးယားကို ဟန့်တားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကတိပေး ထားပါတယ်။ ဝါရှင်တန် အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေး စီမံကိန်း သာတိအိတ်ထ် နော့သ်ရဲ့ ဂြိုဟ်တုပုံရိပ်သစ် သုံးသပ်ချက်အရ မြောက်ကိုရီးယားရဲ့ ဖုန်းဂေးရီ နျူကလီးယား စမ်းသပ်စခန်းမှာ လှုပ်ရှားမှုတချို့ ရှိနေတာကို ပြသထားပါတယ်။ ဒါပေမယ့် ပုံမှန် လုပ်ဆောက်ချက်လား၊ နောက်ထပ် စမ်းသပ်မှုမတိုင်ခင် ဗျူဟာမြောက် ရပ်နား ပြင်ဆင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ ဧပြီ ၂၅ ရက်နေ့မှာ စစ်တပ် တည်ထောင်မှု ၈၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပမှာပါ။ အဲဒီနေ့မှာ မြောက်ကိုရီးယားက ဘယ်အချိန်မဆို နောက်ထပ် ကျူးကျော်ရန်စမှု ထပ်လုပ်မှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ တောင်ကိုရီးယား ယာယီသမ္မတ ဟွမ်ကျိုအန်းက ထိပ်တန်း အရာရှိတွေကို ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up