ဂန့်ဂေါမြို့တွင် ဟင်းချက်ဒယ်အိုး အပူရှိန်လွန်ကဲ၍ လူနေအိမ် ၂ လုံး မီးလောင် (ရုပ်သံ)
DVB
·
April 22, 2017
ဂန့်ဂေါမြို့တွင် ဟင်းချက်ဒယ်အိုး အပူရှိန်လွန်ကဲ... by dvburma
ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဦးမောင်ဦးရဲ နေအိမ်မှာ ဧပြီ ၂၂ ရက် မနက် ၇ နာရီ ၄၅ မိနစ်က ဟင်းချက်ဒယ်နီအိုးမှ အပူရှိန်လွန်ကဲ မီးလောင်းကျွမ်းလို့ နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မီးလောင်ရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး တို့နဲ့ မီးငြှိမ်းသတ်ခဲ့ရာ မနက် ၈ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်တွေက မိသားစုဝင်တွေကို တာဝန်ရှိသူတွေက နေရာချထားပေးတာနဲ့ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် သိန်း ၄၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့မ ရဲစခန်းက မီးပေါ့ဆစွာသုံးစွဲသူ ဦးမောင်ဦး(ခ) ထွန်းထွန်းဦးကို ရာဇသတ်ကြီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
သတင်း-ဓာတ်ပုံ-ယောသားလေး