ကော်စတာရီကာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို ဖီဖာက ရာသက်ပန်တားမြစ်ပိတ်ပင်

Former Costa Rican Football Federation (FEDEFUT) president and FIFA executive committee member Eduardo Li exits the Brooklyn Federal Courthouse in New York April 13, 2016. REUTERS/Lucas Jackson/File Photo
437
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီက ကော်စတာရီကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း အက်ဒွါဒိုလီကို ဘောလုံးနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေကနေ ရာသက်ပန် တားမြစ် ပိတ်ပင် လိုက်ပါတယ်။
ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လာဘ်စားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် ခုလို ပိတ်ပင်တာလို့ ကျင့်ဝတ်ကော်မတီက ဧပြီ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
လီကို ၂၀၁၅ ခုနှစ်က နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စွဲချက်နဲ့ဖမ်းခဲ့တာပါ။ ကြေးနန်းစာအတုလုပ်မှုနဲ့ တရားမဝင် အသက်မွေးမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း အမေရိကန် ပြည်ထောင်စု တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။ လီဟာ မြောက်နဲ့အလယ်အမေရိကအပြင် ကာရစ်ဘီယံ ဘောလုံး အသင်းချုပ်တွေအတွက် အမှုဆောင် ကော်မတီမှာ တာဝန် ထမ်းဆောင် ခဲ့တာပါ။
သူဟာ ဖီဖာကမ္ဘာ့ဖလား အဆင့်ဝင်တဲ့ ကစားပွဲတွေအတွက် ဈေးကွက်ရှာခွင့်နဲ့ ပတ်သက်ပြီး လာဘ်ယူမှုနဲ့ စွပ်စွဲ ခံခဲ့ရပါတယ်။