A d v e r t i s e m e n t With Us

အမေရိကန်စစ်ကူဖြင့် အီရတ်စစ်တပ် အိုင်အက်စ်သိမ်းပိုက်မြို့ကို ထိုးစစ်ဆင် (ရုပ်သံ)

အီရတ် အစိုးရတပ်ဟာ မိုဆူးလ်မြို့ မြို့ဟောင်းဒေသထဲကို ပိုနက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်နေပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ တိုက်ပွဲကြောင့် အယ်လ်နူရီဗလီနားက မြို့ဟောင်းမှာ မီးခိုးထူတွေ အူထနေတာကို ဧပြီ ၂၁ ရက်နေ့က တွေ့ရပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေ လက်တွေ့အုပ်ချုပ်နေတဲ့ သူတို့မြို့တော်ကို ပြန်သိမ်းဖို့ အမေရိကန်ရဲ့ စစ်ကူနဲ့အတူ အီရတ်စစ်တပ်က ထိုးစစ် ဆင်နေပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေကို စုစည်းပြီး ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံအဖြစ် အိုင်အက်စ်ခေါင်းဆောင် အဘူ ဘက်ခါ အယ်လ် ဘဂ်ဂါဒါဒီက အယ်လ်နူရီ ဗလီကနေ ကြေညာခဲ့ဖူးပါတယ်။ ခုတော့ ဗလီရှိရာ အယ်လ်ဖာရွတ် ရပ်ကွက်မှာ သေနတ်သံ မော်တာသံတွေ အကြီးအကျယ် ကြားနေရတာပါ။ မိုဆူးလ်မြို့ လွတ်မြောက်ရေး အိုင်အက်စ် စစ်သွေးကြွတွေနဲ့ အီရတ်စစ်တပ်အကြား တိုက်ပွဲ ဖြစ်နေတာ ၇ လ ကြာပါပြီ။ စစ်သွေးကြွတွေ ထိန်းချုပ်မှုအောက်မှာရှိနေဆဲ မြို့ထဲက ရပ်ကွက်တွေမှာ သိန်းနဲ့ချီတဲ့ အရပ်သားတွေ ပိတ်မိနေဆဲပါ။

A d v e r t i s e m e n t With Us

More News
Up