အစိုးရတပ်က ကိုးကန့်တပ်စခန်း ၂ ခုကို သိမ်းပိုက် (ရုပ်သံ)
DVB
·
April 22, 2017
အစိုးရတပ်က ကိုးကန့်တပ်စခန်း ၂ ခုကို သိမ်းပိုက်... by dvburma
မြန်မာ-တရုတ်နယ်စပ်က MNDAA ကိုးကန့်တပ်ဖွဲ့စခန်း ၂ ခုကို တပ်မတော်က ဧပြီ ၂၁ ရက်နေ့ သိမ်းပိုက်ရရှိခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံးတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံနယ်စပ်အနီးရှိ ပွိုင့် (၂၀၃၃) တောင်ကုန်းကို သိမ်းပိုက်လိုက်တာဖြစ်ပြီး ဆုတ်ခွာထွက်ပြေးတဲ့ ကိုးကန့်တပ်ဖွဲ့အတွင်း လက်နက်ကြီးတွေနဲ့ စုပြုံပစ်ခတ်မှုကြောင့် သေကျေဒဏ်ရာရမှု များပြားခဲ့တယ်လို့ တပ်သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် RPG ၂ လက်၊ လက်နက်မျိုးစုံ ၆ လက်နဲ့ လက်ပစ်ဗုံးအမြောက်အမြားကို ရရှိထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။