Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ်တွင် လေပြင်းတိုက် လူနေအိမ်တချို့ထိခိုက်ပျက်စီး - သတင်းဓာတ်ပုံ
DVB
·
April 21, 2017
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်၊ သက္ကယ်ကျင်းရွာမှာ ဒီနေ့ နေ့လယ် ၁ နာရီခွဲအချိန်လောက် လေပြင်းတွေတိုက်ခတ်ပြီး အိမ်တချို့ အမိုးလန် ပျက်စီးသွားပါတယ်။ အပျက်အစီးစာရင်းကို အတိအကျမသိရသေးပဲ ခြံစည်းရိုးတချို့ပျက်စီးခဲ့သလို လူ၁ယောက် ထိခိုက်ဒဏ်ရာရသွားလို့ မင်းလှဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။ မင်းလှမြို့ပေါ်မှာတော့ ဒီကနေ့လေမတိုက်ခဲ့ဘူးလို့ ဒေသခံ ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။ ဓာတ်ပုံ - ဦးသုမင်္ဂလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024