ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 21, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၂၃,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၁၀ သိန်း ၄ သောင်း ၃ ထောင် ပေါက်ဈေး ရှိနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၁ သောင်း ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၇ သိန်း ၂ သောင်း ပေါက်ဈေး ရှိနေပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၉၅၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ငွေကျပ် ၃၀ ဈေးတက်လာပါတယ်။
နှမ်းနက် (စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ငွေကျပ် ၃,၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁သိန်း ၃သောင်း ၃ထောင် ပေါက်ဈေး ရှိနေပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ ၁ အိတ်ကို ငွေကျပ် ၁,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁သိန်း ၃ထောင် ပေါက်ဈေး ရှိပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကလည်း ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၂,၀၀၀ ဈေးကျသွားပြီး ဒီနေ့ပေါက်ဈေးကတော့ ၁ အိတ်ကို ၇သောင်း ၁ထောင် ပေါက်ဈေး ရှိနေပါတယ်။
ဆား
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ဆားက ပိဿာ ၅၀ ပါ ၁ အိတ်ကို ငွေကျပ် ၁,၂၀၀ ဈေးတက်လာ ပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၁၁,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။
မန်ကျည်းတောင့်
မန်ကျည်းတောင့်ကတော့ ၁ ပိဿာကို ငွေကျပ် ၄၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၁,၈၀၀ ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA