Home
မြန်မာသတင်း
နေပြည်တော်တွင် အလုပ်လက်မဲ့ဆင်များဖြင့် အပန်းဖြေစခန်း ဖွင့်လှစ်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 21, 2017
နေပြည်တော်မှာ သစ်ထုတ်ရေးလုပ်ငန်းက အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆင်တချို့ကို အသုံးပြုပြီး လာမယ့် မေလမှာ အပန်းဖြေစခန်းတခု ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့သစ်လုပ်ငန်းက သိရပါတယ်။ အဲဒီအပန်းဖြေစခန်းကို ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းလို့ အမည်ပေးထားပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၂၁၇/၀ ငလိုက်ဆည်အနီးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ ပြည်တွင်းခရီးသည် တဦးကို ကျပ် ၁၀၀၀ သတ်မှတ်ထားပြီးတော့ နိုင်ငံခြားသားဧည့်သည်တွေအတွက်တော့ တဦးကို ကျပ် ၂၀၀၀၀ သတ်မှတ်ထားပါတယ်။ ဆင်စီးခအနေနဲ့လည်း ပြည်တွင်းခရီးသည် တဦးကို ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသားဧည့်သည် တဦးကို ကျပ် ၂၀၀၀၀ သတ်မှတ်ထားပါတယ်။ အဲဒီဆင်စခန်းမှာ အသက် ၂ နှစ်နဲ့ ၃ နှစ် အရွယ်ဆင် ၂ ကောင် အပါအဝင် ဆင်အကောင်ရေ ၇) ကောင်ရှိကာ ဆင်တွေကို နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ထားရှိမြာဖြစ်ပါတယ်။ ဆင်တွေကို သတ်မှတ် အဝတ်အစားနဲ့ လာရောက်လည်ပတ်သူတွေ ကိုယ်တိုင်ရေချိုးပေးနိုင်အောင် စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024