Home
မြန်မာသတင်း
မိုးသည်းထန် လေပြင်းတိုက်ခတ်နိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး
DVB
·
April 21, 2017
ချင်းပြည်နယ်ကို အနောက်ဘက်မှ လေပွေလှိုင်းတစ်ခု စတင်ဖြတ်သန်းနေတဲ့အတွက် မိုးသည်းထန်ပြီး လေပြင်းတိုက်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ မနက်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ လေပွေလှိုင်းဟာ  စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့သွားနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်၊ မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသတွေ  တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့  ဒီမနက် ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာခဲ့တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024