ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ပြုလုပ်
DVB
·
April 21, 2017
သတင်းစာဆရာကြီး စာရေးဆရာ ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီမှာ ကျင်းပနေပါတယ်။
ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ သံဃာတော်တွေနဲ့ ဆရာကြီးကို လေးစားတဲ့ လူပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အလားတူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို မန္တလေး အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာလည်း ဧပြီလ ၂၁ ရက်နေ့က ကျင်းပခဲ့ပြီး စာရေးဆရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - သူဇာလင်း (ရန်ကုန်အခမ်းအနား)၊ ဓာတ်ပုံ - အောင်အောင် (မန္တလေးအခမ်းအနား)