Home
မြန်မာသတင်း
မြိတ်မြို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၈ ဦး ဖမ်းမိ
DVB
·
April 21, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ  ဧပြီ ၁၉ ရက်နေ့က WY စိတ်ကြွဆေးပြား ၄,၀၀၀ ကျော်နဲ့ ICE မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မြိတ်မြို့၊ ကလွင်ကျေးရွာရှိ Golden Sky ဟိုတယ်မှာ ကော့သောင်းမြို့မှ လာရောက် တည်းခိုနေတဲ့ လူတဦး မူးယစ်ဆေးသုံးစွဲနေတဲ့ သတင်းအရ နယ်ထိန်းအဖွဲ့မှ ဒုရဲအုပ်ထွန်းထွန်းနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရတယ်။ ဟိုတယ်အခန်း အမှတ် ၂၀၆ ကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ဟူစိန် (ခ) ကိုကိုဇော်လတ်နဲ့ အာဒူလာ (ခ) ကျော်ထွန်းတို့ကို တွေ့ရှိပြီး ဟိုတယ်အခန်းတွင်း ဗီရိုပေါ်မှာ စိတ်ကြွဆေးပြား ၅ ပြား ဖမ်းမိပြီး ဘိုဘိုအောင်ဆီက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေက ဘိုဘိုအောင် နေထိုင်တဲ့ အလယ်ကျွန်းရပ်ကွက်၊ ပုလဲလမ်းက နေအိမ်ကို သွားရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား ၄,၀၀၀၊ ICE မူးယစ်ဆေးဝါး ၀ ဒသမ ၇၅ ကီလိုဂရမ်နဲ့ ဘိန်းစာမှုန့် အနည်းငယ်နဲ့အတူ နေအိမ်အတွင်းမှာရှိနေတဲ့ မျိုးငယ်၊ ရာဇာ၊ သိန်းလွင်၊ မျိုးမင်းဦးနဲ့ အောင်ကြီး(ခ)အောင်လွင်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဘိုဘိုအောင်ကို စစ်ဆေးမေးမြန်းရာ စိတ်ကြွဆေးပြားတွေကို ဦးဖြိုးငယ်ဆီက ဝယ်ယူခဲ့ပြီး ICE မူးယစ်ဆေးဝါးတွေကိုတော့ ယုအောင် (ခ) သားကြီး ဆီက ဝယ်ယူခဲ့တယ်လို့ သိရပြီး ယုအောင် (ခေါ်) သားကြီးကိုလည်း ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြိတ်၊ မြို့မရဲစခန်းက မူးစိတ် ပုဒ်မ ၁၅/၁ ၆(ဂ)/၂၁၊ မယ(ပ)၅၇/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024