ပါရီပစ်ခတ်မှု အမေရိကန်သမ္မတနှင့်အီတလီဝန်ကြီးချုပ် ဝမ်းနည်းကြောင်း ပြောကြား

453
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီတလီဝန်ကြီးချုပ် ပါအိုလို ဂန်တီလိုနီတို့က ပြင်သစ်နိုင်ငံက ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အထူးဝမ်းနည်းကြောင်း ပြင်သစ်အစိုးရထံ ပြောကြားလိုက်ပါတယ်။
“ပထမဆုံးအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲမှုကို ပြင်သစ်ပြည်သူတွေထံ ပေးပို့လိုပါတယ်။ ဒါမျိုး နောက်တခါ ထပ်ဖြစ်ပြန်ပါပြီ။ ဒါဟာ ကြောက်စရာကေင်းပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ တကယ့်ကို ကြောက်စရာကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ အကြိမ်ကြိမ် ထပ်ဖြစ်နေဆဲပါပဲ။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျား ဘာပြောနိုင်ပါသလဲ။ ဒီကိစ္စက ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူး။ ကျနော်တို့ အားကောင်းဖို့ လိုပါတယ်။ သတိကြီးဖို့ လိုပါတယ်။ ဒါကို ဟိုးအရင်က တည်းက ကျနော် ပြောခဲ့ပြီးပါပြီ” လို့ သမ္မတထရမ့်က ပြောကြားသွားပါတယ်။
အမေရိကန်ကို အလည်အပတ်ရောက်ရှိနေတဲ့ အီတလီဝန်ကြီးချုပ်ကလည်း “သမ္မတ ထရမ့် ပြောခဲ့သလို သူလည်း ပြင်သစ်ပြည်သူတွေထံ ၀မ်းနည်းစကားပြောလိုကြောင်းနဲ့ ဒါဟာ ပြင်သစ် ရွေးကောက်ပွဲမတိုင်ခင် ၃ ရက်အလိုမှာ ဖြစ်ခဲ့တာဖြစ်ကြောင်း” ပြောကြားသွားပါတယ်။