A d v e r t i s e m e n t With Us

မန်ယူက အန်းဒါးလက်ကို ၂-၁ ဂိုးဖြင့်အနိုင်ယူပြီး ယူရိုပါလိဂ် ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းက အန်းဒါးလက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အန်းဒါးလက်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့စဉ်က ၁-၁ ဂိုးနဲ့ သရေကျထားတာကြောင့် မန်ယူကအိမ်ကွင်းမှာ ၂-၁ အနိုင်ရရှိခဲ့လို့ နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကိုတော့ မစ်ကီတာရန်က ပွဲအစ ၁၀ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ အန်းဒါးလက်အတွက် ချေပဂိုးကိုတော့ ၃၂ မိနစ်မှာ ဆိုဖိုင်း ဟန်နီက သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ပြီးဆုံးသည်အထိ တဖက်နဲ့တဖက် သရေကျနေတာကြောင့် အချိန်ပိုကန်ရာမှာတော့ မန်ယူအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ၁၀၇ မိနစ်မှာ လူငယ်တိုက်စစ်မှူး ရပ်စ်ဖို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့အသင်းတွေကတော့ မန်ယူ၊ လိုင်ယွန်၊ အေဂျက်နဲ့ ဆယ်တာဗီဂိုအသင်းတို့ ဖြစ်ကြပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းတွေ တွေ့ကြမလဲဆိုတာတော့ ဒီနေ့ညနေ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up