ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 20, 2017
ပေါ်ဆန်းမွှေး
ဝါးတန်းကုန်စည်ဒိုင်မှာ ပေါ်ဆန်းမွှေး (နယ်စုံ၊ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲ) တို့က ၁ အိတ်ကို ငွေကျပ် ၁၅၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၂၈,၀၀၀ ကျပ်ကနေ ၄၇,၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ဧည့်မထ၊ ငစိန်
ဆန်ကြမ်း အမျိုးအစားဖြစ်တဲ့ ဧည့်မထနဲ့ ငစိန်ဆန်တို့က ၁ အိတ်ကို ငွေကျပ် ၅၀၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၅,၅၀၀ ကနေ ၁၈,၅၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၁၀ သိန်း ၆ သောင်း ၆ ထောင် ရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၇ သိန်း ၃ သောင်း ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေကျပ် ၁၅,၀၀၀ ဈေး ကျဆင်းသွားပါတယ်။
ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ၁ ပိဿာကို ငွေကျပ် ၂၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၃,၅၀၀ ကျပ် ရှိပါတယ်။
ကုလားပဲခြမ်း
ကုလားပဲခြမ်းက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၂,၉၀၀ ကျပ် ရှိပါတယ်။
မန်ကျည်းတောင့်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့်ဟာ ၁ ပိဿာကို ငွေကျပ် ၈၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၁,၇၆၀ ရှိပါတယ်။
စွန်တာပဲ
စွန်တာပဲကတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၁၈,၃၀၀ ပေါက်ဈေး ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA