Home
မြန်မာသတင်း
ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်း​ထုတ်ပြန်ချက်
DVB
·
January 20, 2012
၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့​အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။ ​ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော ​ငွေစာရင်း​များ​တင်ပြကာ ပုဂ္ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့​က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။ [caption id="attachment_20219" align="alignright" width="300" caption="​ငွေကြေးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့်​ ဘန်ကောက်မြို့ ​နေအိမ်"][/caption] ၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်​ လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန် ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အဖြစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အဖြစ် Ms. Vibeke Hermanrud တို့​ကို ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။ ၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင် အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ၄။ ယခုအခါ PwC က ၎င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။ (က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။ (ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊​ (အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ် မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။ (ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အပြင် ​လောင်း​ကစား​နှင့်​ အခြား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။ (ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။ ၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ္စည်း​များ​ကို သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။ ၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်​ နိုင်ငံ​ရေး​အဖွဲ့​များ​အကြား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအပြဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။ ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ "Burma VJ" မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု ​ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အပြင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ္စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အခြား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။ ၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။ ၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို ၎င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။ ဆက်သွယ်ရန် 1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက္ကဋ္ဌ၊​ [email protected], +47 94143838 2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ [email protected], +47 92 88 67 79 3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ [email protected], +47 91107743 4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ [email protected], +47 45276649 ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024