Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၉ ခုတွင် မိုးရွာ လေတိုက်ပြီး မိုးသီးကြွေနိုင်ဟု မိုးဇလ သတင်းထုတ်
DVB
·
April 20, 2017
ပြည်နယ်တိုင်း ၉ ခုမှာ ဒီနေ့ကစပြီး ဧပြီ ၂၄ ရက်အထိ မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်မယ်။ မိုးသီးကြွေမယ် စတဲ့ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေဖြစ်မယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန် ပါတယ်။ ဒီနေ့မနက် ၁၁ နာရီအချိန် ထုတ်ပြန်လိုက်တဲ့  ထူးခြားမိုးလေ၀သအခြေအနေ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ မိုးရွာပြီး လေပြင်းတိုက်၊ မိုးသီးကြွေနိုင်တာ ဖြစ်ပါတယ်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေဟာ တနာရီ မိုင် ၃၀ကနေ ၃၅မိုင်အထိ တိုက်ခတ်နိုင်တယ်။ ပြည်သူလူထုအနေနဲ့ မိုးလေ၀သဖြစ်စဉ်များပို အထူးဂရုပြုနေထိုင်ကြပါလို့လည်း မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024