အိန္ဒိယတွင် ဘတ်စ်ကားတစီး တောင်အောက်ပြုတ်ကျ၊ ၄၄ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
655
အိန္ဒိယနိုင်ငံ ဟင်မာချယ်-ပရာဒက်ရှ်ပြည်နယ် ရှင်မလာမြို့မှာ ဧပြီ ၁၉ ရက်က ဘတ်စ်ကားတစီး လမ်းချော်ပြီး တောင်အောက်ကို ပြုတ်ကျခဲ့တာကြောင့် လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။
ကားပေါ်မှာ စုစုပေါင်း လူ ၄၆ ဦးလိုက်ပါလာပြီး ၂ ဦးသာ အသက်ရှင်လွတ်မြောက်တယ်လို့ ဒေသခံအစိုးရ အရာရှိတဦးက ပြောပါတယ်။
သူတို့ ၂ ဦးကတော့ ယာဉ်နောက်လိုက်နဲ့ ခရီးသည်တဦး ဖြစ်ပါတယ်။
တောင်ပေါ်ကနေ ကားပြုတ်မကျခင် ကားပေါ်က အလျင်အမြန် ခုန်ချခဲ့တာကြောင့် အခုလို အသက်ဘေးကနေ လွတ်မြောက်ခဲ့တာလို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ လမ်းတွေနဲ့ ယာဉ်သွားလာရေးစနစ် ညံ့ဖျင်းတာကြောင့် ယဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပေမယ့် တကြိမ်တည်းနဲ့ လူ ၄၄ ဦး သေဆုံးတာကတော့ များလွန်းတယ်လို့ ဆိုပါတယ်။
အစိုးရစာရင်းဇယားတွေအရ ၂၀၁၅ ခုနှစ်က ယာဉ်မတော်တဆဖြစ်မှုကြောင့် စုစုပေါင်း လူ ၁၅၀၀၀၀ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။