ဧရာဝတီတိုင်းရှိ လယ်သမားများ စိုက်စရိတ်ချေးငွေ ကျပ်ဘီလီယံ ၃၀၀ နီးပါး ပေးရန်ကျန်

540
၂၀၁၂ မှ ၂၀၁၆ ခုနှစ်ထိ ငါးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးက လယ်သမားတွေအနေနဲ့ စိုက်စရိတ်ချေးငွေ ကျပ် ဘီလီယံ ၃၀၀ နီးပါး ပေးဆောင်ဖို့ ကျန်ရှိနေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သတင်းရရှိပါတယ်။
သတ်မှတ်ကာလအတွင်း ချေးငွေပြန်မဆပ်တဲ့ လယ်သမားတွေကို သီးနှံနဲ့ လယ်ယာမြေတွေ သိမ်းဆည်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေမယ့် ဥပဒေအတိုင်း အရေးမယူဘဲ လယ်သမားတွေကို အခွင့်အရေး ပေးထားတဲ့အတွက် ကြွေးကျန်များနေခြင်းဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးဘဏ်ခွဲ မန်နေဂျာ ဦးသန်းဌေးအောင်က ပြောပါတယ်။
အစိုးရကတော့ ဒီလို ကျန်ရှိနေတဲ့ ဘဏ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားတွေကို ချေးငွေကာလ တိုးမြှင့်သတ်မှတ်ဖို့သာ စီစဉ်သွားမယ်လို့ ပြောကြားထားပါတယ်။
လက်ရှိ စိုက်ပျိုးရေးဘဏ်ကနေ လယ်တဧက ကျပ်တသိန်းခွဲနှုန်းကို အတိုး ၈ ရာခိုင်နှုန်းနဲ့ ၁၀ ဧကထိ ထုတ်ချေးပေးနေတာပါ။
သတင်း- AMIA